BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
ကိုးကန့်ထိန်းချုပ် ကွတ်ခိုင်မှာ အုပ်ချုပ်ရေးနဲ့ ဘဏ်လုပ်ငန်းပြန်စရေး နေပြည်တော်ကြိုးပမ်း
တအာင်းတပ် (TNLA) ဆီကနေ ကိုးကန့်တပ် (MNDAA) ရယူထိန်းချုပ်လိုက်တဲ့ ရှမ်း(မြောက်) ကွတ်ခိုင်မြို့မှာ နေပြည်တော်ဘက်က ဌာနဆိုင်ရာနဲ့ ဘဏ်လုပ်ငန်းတွေပြန်လည်ပတ်ဖို့ စိုင်းပြင်းနေပါတယ်။
ရေးဘီလူးစခန်း လေကြောင်းတိုက်ခိုက်ခံရမှု တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး၊ ရေးဘီလူး ထိခိုက်မှုမရှိ
ရေးဘီလူးစခန်း လေကြောင်းတိုက်ခိုက်ခံရမှု တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး၊ ရေးဘီလူး ထိခိုက်မှုမရှိတဲ့ သတင်းအပါအဝင် မေလ ၂၇ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
လုံခြုံရေးစံမရှိတဲ့ သင်္ဘောတွေပေါ်က မြန်မာသင်္ဘောသားတွေရဲ့ အသက်အန္တရာယ်
သင်္ဘောပေါ်က အလုံပိတ်နေရာတွေမှာ မြန်မာသင်္ဘောသားတွေ သေဆုံးမှုတွေရှိနေတာဟာ သင်္ဘောပေါ် လုံခြုံရေးလုပ်ငန်းစဉ်တွေ အားနည်းမှုနဲ့ ဆက်စပ်နေတယ်လို့ မြန်မာသင်္ဘောသားအသိုင်းအဝိုင်းက ရှုမြင်နေကြပါတယ်။
မြန်မာမှာ ၁၀ ရက်အတွင်း ငလျင်အကြိမ်ရေ ၃၀ ကျော် လှုပ်ခတ်
မြန်မာမှာ ၁၀ ရက်အတွင်း အင်အားအသင့်အတင့်ရှိတဲ့ငလျင်နဲ့ ငလျင်ငယ် ၃၀ ကျော်လှုပ်ခတ် တဲ့သတင်းအပါအဝင် မေ ၂၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရာသီ အကောင်းဆုံးအသင်း
ဘီဘီစီ ဘောလုံးသုံးသပ်သူ ထရွိုင်ဒီနီက ပရီးမီးယားလိဂ် တစ်ရာသီစာ အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအသင်းမှာ ဘယ်သူတွေ ပါဝင်လာခဲ့သလဲ။
ကချင်-စစ်ကိုင်းအစပ်ဒေသတွေကို စစ်တပ်နဲ့ ကေအိုင်အေ လွန်ဆွဲမှု
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ဖြတ်သွားတဲ့ မန္တလေး–မြစ်ကြီးနားလမ်းပေါ်က မြို့နယ် ၃ ခုထက်မနည်းမှာ တိုက်ပွဲတွေဆက်ရှိနေလို့ ကားတွေ ရာနဲ့ချီပိတ်မိနေကြပါတယ်။ လမ်းပေါ်မှာ ပိတ်မိနေတဲ့ ယာဉ်မောင်းနဲ့ ခရီးသည်တွေကို ၅ ရက်လောက်အထိ အဆက်အသွယ်မရဘဲ မိသားစုတွေ စိုးရိမ်နေကြပါတယ်။
မြဝတီ၊ ရွှေကုက္ကိုထဲက ကျားဖြန့်အဆောက်အဦတွေကို စစ်တပ်စဖြို
မြဝတီ၊ ရွှေကုက္ကိုထဲက ကျားဖြန့်အဆောက်အဦတွေကို စစ်တပ် စဖြိုနေတဲ့သတင်းအပါအဝင် မေလ ၂၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဖီဖာဟာ ကစားသမားတွေကို အပူဒဏ်အန္တရာယ်က လုံလောက်တဲ့ကာကွယ်မှုမပေး - သိပ္ပံပညာရှင်များ
၂၀၂၆ အမျိုးသား ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အပူချိန် အခြေအနေနဲ့ပတ်သက်ပြီး ကစားသမားတွေ ဘေးကင်းရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က လုပ်ဆောင်ထားတဲ့ အစီအမံတွေဟာ မလုံလောက်ဘဲ ကစားသမားတွေ ထိခိုက်နိုင်တယ်လို့ ကမ္ဘာ့ဦးဆောင် သိပ္ပံပညာရှင်တွေက ပြောလာပါတယ်။
‘‘မြန်မာကိုကိုယ့်နိုင်ငံလို့ပဲမှတ်ယူလို့အမြန်ဆုံးအေးချမ်းစေချင်ပြီ’’- အရှင်ပညာကာရ(Walk For Peace)
အမေရိကန်ပြည်ထောင်စုမှာ သီတင်းသုံးတဲ့ ဗီယက်နမ်နွယ်ဖွား ဆရာတော် အရှင်ပညာကာရဟာ လာမယ့်လတွေအတွင်း မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာကို ကြွဖို့ရှိနေပါတယ်။
မေ ၂၄ ရက်သတင်းအနှစ်ချုပ်- ကမ္ဘာ့အပင်တွေ ရှင်သန်ရေးခြိမ်းခြောက်ခံနေရ
ကသာမြို့နယ်ထဲက ကသာ-အင်းတော်လမ်းပိုင်းမှာရှိတဲ့ နလယ်အင်းရွာနားကို လက်နက်ကြီးကျည်ကျတာကြောင့် စစ်ရှောင်မိသားစု ၂ စုထဲက ၃ ဦးသေဆုံးတဲ့သတင်း အပါအဝင် ၂၀၂၆ ခုနှစ် မေ ၂၄ ရက် ကမ္ဘာတလွှားနဲ့ နိုင်ငံတဝန်းက ထူးခြားသတင်းတွေကို စုစည်းတင်ဆက်ပေးနေပါတယ်။
စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဆရာဝန်တွေ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကစလို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်အထိ တပ်ချုပ်တွေဟာ သူတို့ ယုံကြည်စိတ်ချရသူတွေကိုပဲ ဆရာဝန်အဖြစ်ထားလေ့ရှိပြီး စစ်တပ်ရဲ့ ဆေးလောကမှာ အမြင့်ဆုံးရာထူးဖြစ်တဲ့ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးနေရာကိုပါ ချီးမြှင့်လေ့ရှိကြပါတယ်။
အိန္ဒိယရဲ့ နိုင်ငံရေးဇာတ်ကောင်သစ် - ပိုးဟပ်
အိန္ဒိယရဲ့ အသစ်ဆုံး နိုင်ငံရေးလှုပ်ရှားမှုကတော့ လူတစ်ဦးကို စော်ကားတဲ့စကားတစ်ခုကနေ စတင်ခဲ့ပြီး နောက်ဆုံးမှာတော့ လူတွေက ပိုးဟပ် (cockroach) လို ဝတ်ဆင်ပြီး ဂုဏ်ယူနေတဲ့အထိ ရောက်သွားခဲ့ပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ဝေဖန်သူတွေကို အသံတိတ်စေခဲ့တဲ့ UFC Flyweight ချန်ပီယံ ဂျော့ရှုဝါ ဗန်
မြန်မာနွယ်ဖွား ချင်းဖိုက်တာ ဂျော့ရှုဝါဗန်ဟာ UFC 328 ပြိုင်ပွဲမှာ ချုပ်ကွက်အားကောင်းတဲ့ သူ့ပြိုင်ဘက် ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာကို တန်ပြန်ချုပ်ကွက်တွေနဲ့ အလဲထိုး အနိုင်ယူပြီး Flyweight ချန်ပီယံခါးပတ်ကို ကာကွယ်သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားလဲ
ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိထားတဲ့နေအိမ်ကတော့ နေပြည်တော်မြောက်ဘက်မှာရှိတဲ့ ဝန်ကြီးဟောင်းတစ်ဦးရဲ့နေအိမ်မှာလို့ ဘီဘီစီကစုံစမ်းသိရှိခဲ့ပါတယ်။
ဇာတ်ပွဲ - အီနောင်၊ ရာမကနေ ဖိုးစိန်၊ ရွှေမန်း။ မြန်မာတွေ ကြိုက်တဲ့ ရွှေမင်းသားများ
အပျိုတော်၊ ယိမ်းအကနဲ့ ဝန်ကြီးလေးပါး ထွက်ခန်းကနေ နှစ်ပါးသွားနဲ့ နောက်ပိုင်း ဇာတ်ထုပ်ကြီးထိ ဖျော်ဖြေခဲ့ကြတဲ့ ဇာတ်သဘင်မှာ ဒုတိယကမ္ဘာစစ်ပြီးခေတ်ကစလို့ ပြဇာတ်နဲ့ အော်ပရာ ထွန်းကားလာပြီး ၂၀ ရာစု နှောင်းပိုင်းကစလို့ စတိတ်ရှိုးခေါ် ခေတ်ပေါ် သီချင်းသီဆိုတာတွေ ခေတ်စားလာပါတယ်။
PDF ၅ နှစ်ပြည့် - မသန်စွမ်းတပ်သားအရေးဘာကြောင့် အရေးကြီးလဲ
တိုက်ပွဲပေါင်းသောင်းကျော်ကို နှစ်ချီတိုက်ခဲ့တဲ့ကာလအတွင်း ကိုယ်ခန္ဓာအစိတ်အပိုင်း ထိခို က်စွန့်လွှတ်ရတဲ့ ရဲဘော်အရေအတွက်ဟာ"ထောင်ကြီးပိုင်းလောက်အထိ ရှိနိုင်တယ်"လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ကသုံးလုံးဒေသ - တပ်ချုပ်အသစ်လက်ထက် ကချင်အပေါ်စစ်ရေးဖိအား
အင်းတော်ကို သိမ်းလိုက်နိုင်တာက ကချင်ဝင်ပေါက် “ကသုံးလုံးဒေသ” မှာ စစ်တပ်က ပြန်စုဖွဲ့ ပြင်ဆင်လာတဲ့ခြေလှမ်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပေါ် စစ်ရေးဖိအား ပိုတိုးလာပါတယ်။


























































