BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တိုက်ရိုက်ထုတ်လွှင့်မှု, ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ နေပြည်တော်က ထိုင်းကိုပြောတယ်လို့ဆို
ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ နေပြည်တော်က ထိုင်းကိုပြောတယ်လို့ဆိုတဲ့သတင်းအပါအဝင် ဧပြီ ၂၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးရဲ့ နေပြည်တော်ခရီးနဲ့ အာဆီယံလမ်းကြောင်းပြောင်းသွားနိုင်လား
ထိုင်းရဲ့ ဒီခရီးစဉ်ဟာ စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ သူ့အစိုးရအဖွဲ့အတွက် အာဆီယံဒေသတွင်းသြဇာရှိတဲ့နိုင်ငံတစ်ခုက ထိပ်တန်းသံတမန်တစ်ဦးက လာရောက် ကောင်းချီးပေးတဲ့ခရီးစဥ်အဖြစ် နေပြည်တော်ဘက်က ရှုမြင်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ သားဖြစ်သူ တောင်းဆို
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့ သားဖြစ်သူတောင်းဆိုတဲ့ သတင်းအပါအဝင် ဧပြီ ၂၂ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အိန္ဒိယလွှတ်တော်မှာ အမျိုးသမီးအမတ် ၃ ပုံ ၁ ပုံ ရှိစေမယ့် ကိုတာစနစ်ဥပဒေကြမ်း
ကိုယ်စားပြုနိုင်မှုအရေအတွက် ပြောင်းလဲသွားမယ့်အပေါ် နိုင်ငံတောင်ပိုင်းက ခေါင်းဆောင်တွေက စိုးရိမ်နေကြပါတယ်။
မလက္ကာရေလက်ကြား - အရှေ့တောင်အာရှက ကမ္ဘာ့ကုန်သွယ်ရေကြောင်းလမ်းစိုးရိမ်ရပြီလား
အမေရိကန်က အင်ဒိုနီးရှားနဲ့ ကာကွယ်ရေးသဘောတူညီချက်စာချုပ်တစ်ခုချုပ်ဆိုပြီးတဲ့နောက် အင်ဒိုနီးရှားလေပိုင်နက်မှာ လေကြောင်းပျံသန်းခွင့်ရရေး အဆိုပြုချက်တစ်ခုကို ပြောလာတယ်လို့ အင်ဒိုနီးရှားအရာရှိတွေက အတည်ပြုပါတယ်။ ဒါကြောင့်ပဲ အင်ဒိုနီးရှားလည်း ပိုင်ဆိုင်ပြီး အရှေ့တောင်အာရှမှာ ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုအတွက် အရေးပါတဲ့မလက္ကာရေလက်ကြားအရေးကို ကမ္ဘာက အာရုံစိုက်လာပါတယ်။
မိုးမကျခင် KNU တပ်မဟာတွေက တပြိုင်နက်စစ်ရေးလှုပ်ရှားမှုတွေက ဘာသဘောဆောင်လဲ
KNU ပူးပေါင်းတပ်တွေက စစ်တပ်စခန်းတချို့ကို ဆက်တိုက်သိမ်းလာချိန်မှာ စစ်တပ်ဘက်ကလည်း ကုန်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ရန် မဟာဗျူဟာကျကျ လှုပ်ရှားနေပါတယ်။
ကျားဖြန့်ဝင်းထဲ ရဲစခန်းအတုတွေ ဆောက်ပြီး ဘယ်လိုငွေလိမ်ကြလဲ
ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခစတင်ပြီး လပိုင်းအကြာ ဒီဇင်ဘာမှာ ထိုင်းစစ်တပ်က ဝင်မထိန်းချုပ်ခင်အထိ Royal Hill လောင်းကစားရုံအကြောင်း တစွန်းတစမျှ မသိခဲ့ရပါဘူး။
ဟော်မုဇ်ရေလက်ကြားကို အီရန်ပြန်ပိတ်၊ အမေရိကန်နဲ့သဘောတူညီချက်ရဖို့ ‘ဝေး’နေဆဲလို့ဆို
အီရန်ကတော့ ဟော်မုဇ်ရေလက်ကြားကို ပြန်ပိတ်လိုက်တာဟာ အမေရိကန်ဘက်က အီရန်ရဲ့ ဆိပ်ကမ်းအချို့ကို ပိတ်ဆို့မှု ဆက်လုပ်ထားတာကြောင့်လို့ အပြစ်ဖို့ပြီး ဒါဟာ နှစ်နိုင်ငံကြား ရရှိထားတဲ့အပစ်ရပ်ကို ချိုးဖောက်တာလို့လည်းဆိုပါတယ်။
အဆိပ်သင့်နေတဲ့ မြစ်သံလွင်
သံလွင်မြစ်ရဲ့ သဘာဝအတိုင်းရှိရမယ့် ရေတွေမှာ နေရာတချို့အဆိပ်သင့်နေတာကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်နဲ့ မြန်မာဘက်ခြမ်း ကယား(ကရင်နီ)၊ ကရင် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းသုတေသနတွေက အတည်ပြုပေးနေပါတယ်။
နေပြည်တော်ကို သွားရောက်နေတဲ့ NLD စီအီးစီ ဒေါက်တာမျိုးညွန့်နဲ့ မေးမြန်းချက်
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ ရဲ့ ဗဟိုအလုပ်အမှုဆောင်တချို့ နေပြည်တော်ကို သွားရောက်နေတယ်လို့ ဘီဘီစီကသိရှိရပါတယ်။ဒါနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
တရုတ်မှာ ဥာဏ်ရည်တု"ကျောက်ပုစွန်"ကိုဘာကြောင့်စွဲလမ်းနေကြလဲ - AI ကဘေဂျင်းရဲ့ မျှော်မှန်းချက်တွေအကြောင်းဘယ်လိုပြောလဲ
တရုတ်နိုင်ငံမှာ ''lobster-ကျောက်ပုစွန်"လို့ ခေါ်ကြတဲ့ OpenClaw ဆိုတဲ့ AI - အေအိုင်(ဥာဏ်ရည်တု) ကို အလွန်စွဲလမ်းနေကြပါတယ်။
SCEF - အင်အားကြီးအဖွဲ့တွေစုဖွဲ့လာတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ
နေပြည်တော်ကလွှတ်တော် ပြန်အသက်ဝင်နေချိန်မှာပဲ တော်လှန်ရေးအင်အားစုတွေရဲ့ အချိန်ကိုက်အရွေ့ တစ်ခုအဖြစ် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ” ဆိုပြီး ပေါ်လာပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
တောင်သူတွေ ရင်မောနေရတဲ့စက်သုံးဆီဂယက်
အီရန်စစ်ပွဲကြောင့် သက်ရောက်လာတဲ့ စက်သုံးဆီကျပ်တည်းမှုမြန်မာက စပါးနဲ့ အခြားသီးနှံတွေ စိုက်ပျိုးထုတ်လုပ်နိုင်မှုအထိ စိန်ခေါ် မှုတွေဖြစ်လာပါတယ်။
ရေနံထွက်ပေမဲ့ မြန်မာမှာ လောင်စာဆီဘာကြောင့် ရှားပါးနေလဲ
ကမ္ဘာလုံးဆိုင်ရာရေနံနဲ့လောင်စာဆီပြဿနာအကျပ်ဆိုက်လာချိန်မှာ မြန်မာလူထုကြားမှာ မေးခွန်းထွက်ပေါ်လာတာက ရေနံစိမ်းထွက်တဲ့မြန်မာမှာ ရေနံချက်စက်ရုံတွေ ဘာကြောင့်မလည်ပတ်နိုင်သလဲဆိုတာနဲ့ လောင်စာဆီကို ဘာကြောင့် ပြည်ပနေ မှာယူသုံးစွဲနေရသလဲဆိုတာပါ။
ရန်ကုန်ရင်ဆိုင်နေရတဲ့အသံတိတ်လူသတ်သမား
ခြောက်သွေ့ရာသီဖြစ်တဲ့ အောက်တိုဘာကနေ ဧပြီလဟာ ရန်ကုန်က လူ ၇ သန်းကျော် ရှူရှိုက်နေတဲ့လေထုရဲ့အရည်အသွေးကျဆင်းတဲ့အချိန်ဖြစ်ပါတယ်။
စက်သုံးဆီအတွက် နွေအပူအောက် အသက်နဲ့ ကျန်းမာရေးပါ ရင်းနေရပြီလား
အန္တရာယ်ရှိတဲ့နွေအပူချိန်အောက်မှာ စက်သုံးဆီရဖို့ တန်းစီရင်း မူးလဲသူတွေရှိသလို ဆီတန်းစီရာကနေ ပြန်လာပြီးနောက် အသက်ဆုံးပါးတဲ့ဖြစ်စဉ်အချို့လည်း ရှိလာပါတယ်။ ဒါပေမဲ့ အီရန်စစ်ပွဲ အရှိန်မကျသေးလို့ ဒီနောက်ဆက်တွဲ ဂယက် ပြည်တွင်းက စက်သုံးဆီရရှိဖို့ တန်းစီရတဲ့ဒုက္ခက ပြီးဆုံးမယ့်ပုံ မပေါ်သေးပါဘူး။ မဖြစ်မနေ ဆီတန်းစီရတဲ့အခါ ကျန်းမာရေးအတွက် ဘာတွေ သိထားသင့်ပါသလဲ။
ငလျင်ကြောင့် ပျက်စီးသွားတဲ့ မန္တလေးက ဗလီတွေ ဘာဆက်ဖြစ်နေလဲ
စစ်ကိုင်းပြတ်ရွေ့ငလျင်ကြီး လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗလီပေါင်း ၁၈၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး မန္တလေးမြို့ပေါ် ၇ မြို့နယ်မှာတော့ ဗလီ ၅၀ ကျော်နဲ့ အထိအခိုက်အများဆုံး ဖြစ်ခဲ့တယ်လို့ စာရင်းကောက်ယူထားတဲ့ အစ္စလာမ်ဘာသာ အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ မန္တလေးမြို့မှာတော့ ဗလီနဲ့ ဘာသာရေးကျောင်း တစ်လုံးမှကို ခွင့်ပြုချက် မရသေးတာဖြစ်ပါတယ်။


























































