ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ လိုအပ်

ဗီဒီယို ပုံစာ, ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ လိုအပ်
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ လိုအပ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေ ပြပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို သားဖြစ်သူ ကင်မ် အဲရစ် (ခေါ် ) ကိုထိန်လင်း အပါအဝင် အရပ်ဘက်အဖွဲ့ ၆၀ နီးပါးနဲ့ အတူ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စတင်ခဲ့ပါတယ်။

လူမှုရေးနဲ့ ပြန်လည် သင့်မြတ်ရေးအတွက် ထိုက်သင့်တဲ့ လွတ်ငြိမ်းခွင့်ပေးမယ်လို့ ဦးမင်းအောင်လှိုင်က ပြောထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အခုထိ လွှတ်မပေးတဲ့အပြင်၊ သက်ရှိ ထင်ရှား ရှိနေသေးတယ် ဆိုတဲ့ အထောက်အထား ဓာတ်ပုံ ဒါမှမဟုတ် ဗွီဒီယိုဖိုင်လေးတောင် ထုတ်မပြနိုင်ရတာ ဘာကြောင့်ပါလဲ။ မစန္ဒာဝင်းက ပြောပြပေးထားပါတယ်။