BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
ဟော်မုဇ်ရေလက်ကြားမှာ ရေနံနဲ့ ကုန်တင်သင်္ဘောအသွားအလာ အားလုံး ပြန်ဖွင့်ပေးမယ်လို့ အီရန်ကြေညာ
လက်ဘနွန်မှာ အပစ်ရပ်ထားတုန်း ဟော်မုဇ်ရေလက်ကြားမှာ ကုန်တင် သင်္ဘောအသွားအလာ အားလုံး ပြန်ဖွင့်ပေးမယ်လို့ အီရန်ဘက်က ထုတ်ဖော်ကြေညာလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ဘယ်လိုသတင်းကိုမှ အတည်ပြုနိုင်ခြင်းမရှိ -ဒေါက်တာမျိုးညွန့်
ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ရွှေ့တယ်ဆိုတဲ့သတင်းကို အတည်ပြုနိုင်ခြင်းမရှိကြောင်းဒေါက်တာမျိုးညွန့်ပြောတဲ့ သတင်းအပါအဝင် ဧပြီ ၁၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
နေပြည်တော်ကို သွားရောက်နေတဲ့ NLD စီအီးစီ ဒေါက်တာမျိုးညွန့်နဲ့ မေးမြန်းချက်
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ ရဲ့ ဗဟိုအလုပ်အမှုဆောင်တချို့ နေပြည်တော်ကို သွားရောက်နေတယ်လို့ ဘီဘီစီကသိရှိရပါတယ်။ဒါနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
လောင်စာဆီအကျပ်အတည်း ဖြေရှင်းဖို့ အာရှနိုင်ငံတွေကို ဒေါ်လာ ၁၀ ဘီလျံကူမယ်လို့ ဂျပန်ပြော
ဂျပန်ကကူမယ့် အထောက်အပံ့ငွေဟာ အာဆီယံနိုင်ငံတွေရဲ့ တစ်နှစ်စာ ရေနံစိမ်း တင်သွင်းမှု ပမာဏတန်ဖိုးနဲ့ ညီမျှပါတယ်။
တရုတ်မှာ ဥာဏ်ရည်တု"ကျောက်ပုစွန်"ကိုဘာကြောင့်စွဲလမ်းနေကြလဲ - AI ကဘေဂျင်းရဲ့ မျှော်မှန်းချက်တွေအကြောင်းဘယ်လိုပြောလဲ
တရုတ်နိုင်ငံမှာ ''lobster-ကျောက်ပုစွန်"လို့ ခေါ်ကြတဲ့ OpenClaw ဆိုတဲ့ AI - အေအိုင်(ဥာဏ်ရည်တု) ကို အလွန်စွဲလမ်းနေကြပါတယ်။
လူထုကိုနှောင့်ယှက်မှုနဲ့ အမေရိကန် ယူကျုဘာကို တောင်ကိုရီးယားမှာထောင်ဒဏ်ချမှတ်
တောင်ကိုရီးယားမှာ ဒုတိယကမ္ဘာစစ်အတွင်း လိင်ကျွန်ပြုခံရသူတွေကို အမှတ်ရစေဖို့ ထားထားတဲ့ ရုပ်တုတစ်ခုကို နမ်းရှုံ့ပြီး လိုက်ဗ်လွှင့်ခဲ့သူ အမေရိကန် ယူကျုဘာကြောင့် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ရပါတယ်။
အီရန် ဆိပ်ကမ်းတွေ ပိတ်ဆို့ထားချိန် ဒီအပတ်ထဲ ဆွေးနွေးပွဲ ပြန်စနိုင်တယ်လို့ ထရမ့် အရိပ်အမြွက်ပြော
ကုလ အတွင်းရေးမှူးချုပ်ကလည်း အီရန် ဆွေးနွေးပွဲတွေ ပြန်စဖို့ "ဖြစ်နိုင်ခြေ မြင့်မားတယ်" လို့ ပြောပါတယ်။
SCEF - အင်အားကြီးအဖွဲ့တွေစုဖွဲ့လာတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ
နေပြည်တော်ကလွှတ်တော် ပြန်အသက်ဝင်နေချိန်မှာပဲ တော်လှန်ရေးအင်အားစုတွေရဲ့ အချိန်ကိုက်အရွေ့ တစ်ခုအဖြစ် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ” ဆိုပြီး ပေါ်လာပါတယ်။
နှစ် ၂၀၀ ကျော်ကြာဆိုတဲ့ရန်ငြိုးကို ခဝါချခဲ့ကြတဲ့ ကယန်းဆွေမျိုးစုနှစ်စု
ကယန်းလဟွီမျိုးနွယ်စုချင်းတူပေမဲ့ လိုဘာခိုနဲ့ ယပ်ခူရွာက ဆွေမျိုးနှစ်စုတို့ မသင့်မြတ်ဘူးဆိုတာ ဒီးမော့ဆိုဒေသခံတွေသိကြတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။အခုတော့ ဒီရန်ငြိုးတွေကြေခဲ့ကြပြီဖြစ်ပါတယ်။
အဲဗားဂရန်း တရုတ်ကုမ္ပဏီ တည်ထောင်သူ လိမ်လည်မှုနဲ့ အပြစ်ရှိကြောင်း ဝန်ခံလျှောက်ထား
အဲဗားဂရန်း ကုမ္ပဏီဟာ တချိန်က တရုတ်နိုင်ငံရဲ့ အကြီးဆုံး အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီကြီးဖြစ်ခဲ့ပြီး စတော့ခ်ရှယ်ယာစျေးကွက်တန်ဖိုး ဒေါ်လာ ဘီလျံ ၅၀ လောက် ရှိခဲ့ပါတယ်။
သုံးစွဲမှုလျော့ကျတယ်ဆိုတဲ့ စက်သုံးဆီချွေတာရေးစနစ်ကို ဆန်းစစ်ခြင်း
နေပြည်တော်ဘက်ကတော့ စက်သုံးဆီသုံးစွဲမှု လျော့ကျသွားတယ်လို့ ပြောနေပေမယ့် အဲ့ဒီလျော့ကျမှုနောက်ကွယ်မှာ လူထုရဲ့ တကယ့်လိုအပ်ချက်တွေကို ကန့်သတ်ထားတာကြောင့် နေ့စဉ်ဘဝမှာ အခက်အခဲတွေ ပိုများလာနေတယ်ဆိုတာကို ဘီဘီစီနဲ့ စကားပြောခဲ့သူတွေရဲ့ အသံတွေက ထင်ဟပ်ပြနေပါတယ်။
"စစ်ပြန်မဖြစ်ဖို့ မျှော်လင့်ပေမယ့် ဖြစ်လာမယ်လို့ ထင်တယ်"-အီရန်ပြည်သူတွေရဲ့ စိုးရိမ်မှု
ပါကစ္စတန်မှာလုပ်ခဲ့တဲ့ အမေရိကန်- အီရန်ဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့နောက် နှစ်ဖက်အပစ်ရပ်ထားရာကနေ တင်းမာမှုတွေပြန်တိုးလာနိုင်တဲ့ အခြေအနေကို အီရန်ပြည်သူတွေက စိုးရိမ်နေပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
တောင်သူတွေ ရင်မောနေရတဲ့စက်သုံးဆီဂယက်
အီရန်စစ်ပွဲကြောင့် သက်ရောက်လာတဲ့ စက်သုံးဆီကျပ်တည်းမှုမြန်မာက စပါးနဲ့ အခြားသီးနှံတွေ စိုက်ပျိုးထုတ်လုပ်နိုင်မှုအထိ စိန်ခေါ် မှုတွေဖြစ်လာပါတယ်။
ရေနံထွက်ပေမဲ့ မြန်မာမှာ လောင်စာဆီဘာကြောင့် ရှားပါးနေလဲ
ကမ္ဘာလုံးဆိုင်ရာရေနံနဲ့လောင်စာဆီပြဿနာအကျပ်ဆိုက်လာချိန်မှာ မြန်မာလူထုကြားမှာ မေးခွန်းထွက်ပေါ်လာတာက ရေနံစိမ်းထွက်တဲ့မြန်မာမှာ ရေနံချက်စက်ရုံတွေ ဘာကြောင့်မလည်ပတ်နိုင်သလဲဆိုတာနဲ့ လောင်စာဆီကို ဘာကြောင့် ပြည်ပနေ မှာယူသုံးစွဲနေရသလဲဆိုတာပါ။
ရန်ကုန်ရင်ဆိုင်နေရတဲ့အသံတိတ်လူသတ်သမား
ခြောက်သွေ့ရာသီဖြစ်တဲ့ အောက်တိုဘာကနေ ဧပြီလဟာ ရန်ကုန်က လူ ၇ သန်းကျော် ရှူရှိုက်နေတဲ့လေထုရဲ့အရည်အသွေးကျဆင်းတဲ့အချိန်ဖြစ်ပါတယ်။
စက်သုံးဆီအတွက် နွေအပူအောက် အသက်နဲ့ ကျန်းမာရေးပါ ရင်းနေရပြီလား
အန္တရာယ်ရှိတဲ့နွေအပူချိန်အောက်မှာ စက်သုံးဆီရဖို့ တန်းစီရင်း မူးလဲသူတွေရှိသလို ဆီတန်းစီရာကနေ ပြန်လာပြီးနောက် အသက်ဆုံးပါးတဲ့ဖြစ်စဉ်အချို့လည်း ရှိလာပါတယ်။ ဒါပေမဲ့ အီရန်စစ်ပွဲ အရှိန်မကျသေးလို့ ဒီနောက်ဆက်တွဲ ဂယက် ပြည်တွင်းက စက်သုံးဆီရရှိဖို့ တန်းစီရတဲ့ဒုက္ခက ပြီးဆုံးမယ့်ပုံ မပေါ်သေးပါဘူး။ မဖြစ်မနေ ဆီတန်းစီရတဲ့အခါ ကျန်းမာရေးအတွက် ဘာတွေ သိထားသင့်ပါသလဲ။
ငလျင်ကြောင့် ပျက်စီးသွားတဲ့ မန္တလေးက ဗလီတွေ ဘာဆက်ဖြစ်နေလဲ
စစ်ကိုင်းပြတ်ရွေ့ငလျင်ကြီး လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗလီပေါင်း ၁၈၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး မန္တလေးမြို့ပေါ် ၇ မြို့နယ်မှာတော့ ဗလီ ၅၀ ကျော်နဲ့ အထိအခိုက်အများဆုံး ဖြစ်ခဲ့တယ်လို့ စာရင်းကောက်ယူထားတဲ့ အစ္စလာမ်ဘာသာ အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ မန္တလေးမြို့မှာတော့ ဗလီနဲ့ ဘာသာရေးကျောင်း တစ်လုံးမှကို ခွင့်ပြုချက် မရသေးတာဖြစ်ပါတယ်။


























































