မဲဆန္ဒရှင်တွေ အစိုးရိမ်ဆုံးကတော့ လူနေမှုစရိတ် မြင့်တက်လာတဲ့ ကိစ္စ ဖြစ်ပါတယ်

ဗီဒီယို ပုံစာ, လူနေမှုစရိတ် ကြီးမြင့်မှုက ရွေးကောက်ပွဲမှာ လွှမ်းမိုးနေ
မဲဆန္ဒရှင်တွေ အစိုးရိမ်ဆုံးကတော့ လူနေမှုစရိတ် မြင့်တက်လာတဲ့ ကိစ္စ ဖြစ်ပါတယ်
ရေးသားခဲ့သည်။

အမေရိကန်မှာ သက်တမ်းဝက်ရွေးကောက်ပွဲ ကျင်းပဖို့ ငါးရက်သာ လိုတော့ပါတယ်။ ပြည်နယ်တချို့မှာ ကြိုတင်မဲ စပေးနေပါပြီ။ မဲဆန္ဒရှင်တွေ အစိုးရိမ်ဆုံးကတော့ လူနေမှုစရိတ် မြင့်တက်လာတာပါ။ လူချမ်းတွေရှိရာ နယူးယောက်ပြည်နယ်မှာတောင် မဲဆန္ဒရှင်တွေက ကုန်ဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်နေပေမဲ့ သူတို့ဝင်ငွေက မလိုက်နိုင်တဲ့အပေါ် စိုးရိမ်နေကြပါတယ်။ ဘီဘီစီ သတင်းထောက် ဆမီရာ ဟူစိန် က နယူးယောက်ပြည်နယ်ကနေ သတင်းပေးပို့ချက်ကို မသီဒါနွယ်က ပြောပြပေးမှာပါ။