စာမေးပွဲမှာ ခိုးမချအောင် တင်းကျပ်စစ်ဆေး
စာမေးပွဲမှာ ခိုးမချအောင် တင်းကျပ်စစ်ဆေး
ရေးသားခဲ့သည်။
တောင်ကိုရီးယားမှာ ကျောင်းသူကျောင်းသားတွေအတွက် ဘဝမှာ အရေးအကြီးဆုံးစာမေးပွဲကြီး စနေပါပြီ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေဟာ ရှစ်နာရီကြာ ဆက်တိုက်ဖြေရတာဖြစ်ပြီး ဘဝရှေ့ရေး၊ အလုပ်အကိုင်ရရေးနဲ့ ဂုဏ်သိက္ခာအတွက်ပါ အရေးကြီးလို့ မသမာတဲ့နည်းတွေနဲ့ အမှတ်ကောင်းကောင်းရအောင် ကြိုးစားတာတွေ ရှိကြပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ပညာရေးအာဏာပိုင်တွေက ကျောင်းသားတွေ အေအိုင်နည်းပညာသုံး မျက်မှန်တွေပါ တပ်လာမလာဆိုတာကနေ နည်းမျိုးစုံနဲ့ စစ်ဆေး တင်းကျပ်မှုတွေ လုပ်နေပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #တောင်ကိုရီးယား #စာမေးပွဲ #ပညာရေး #ကျောင်းသူကျောင်းသား



