မြောက်ဦးသားဖွားဆေးရုံ လေကြောင်း တိုက်ခိုက်ခံရမှုအပေါ်နိုင်ငံတကာ အဖွဲ့အစည်းတွေ တုံ့ပြန်
မြောက်ဦးသားဖွားဆေးရုံ လေကြောင်း တိုက်ခိုက်ခံရမှုအပေါ်နိုင်ငံတကာ အဖွဲ့အစည်းတွေ တုံ့ပြန်
ရေးသားခဲ့သည်။
နိုဝင်ဘာ ၁ ရက်နေ့ကဖြစ်ခဲ့တဲ့ မြောက်ဦးမြို့က ယာယီသားဖွားဆေးရုံ လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ကလေးငယ်နှစ်ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး ဆေးရုံနဲ့ဆေးဝါးဆိုင်ရာ ပစ္စည်းတွေ ပျက်စီးခဲ့ရပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ ကလေးငယ်တွေ ပဋိပက္ခအတွင်း ရင်းနှီးပေးဆပ်ခံနေရပြီး ဒီနေရာတွေကို အကာအကွယ် ပေးသင့်တယ်လို့ တုံ့ပြန်ထားပါတယ်။ စစ်တပ်က ဘာကြောင့်အရပ်သားပစ်မှတ်တွေကိုပဲ ဆက်တိုက်ပစ်ခတ်နေတာပါလဲ၊ ဒီအပေါ် အေအေဘက်ကရော လေကြောင်းရန်ကာကွယ်ဖို့အတွက် စီစဉ်ထားတာတွေ ရှိပါသလား။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြပါမယ်။



