လမ်းမမှာ ဆီတင်ကားပေါက်ကွဲမီးလောင်လို့ လူ ၃၀ ကျော်သေ

ဗီဒီယို ပုံစာ, လမ်းမမှာ ဆီတင်ကားပေါက်ကွဲမီးလောင်လို့ လူ ၃၀ ကျော်သေ
လမ်းမမှာ ဆီတင်ကားပေါက်ကွဲမီးလောင်လို့ လူ ၃၀ ကျော်သေ
ရေးသားခဲ့သည်။

အီဂျစ်နိုင်ငံကိုင်ရိုက ကားအသွားအလာများတဲ့ လမ်းမတစ်ခုမှာ ဆီတင်ကားတစ်စီးတိုက်မိ မီးလောင်သွားလို့ လူ ၃၁ ယောက်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရသွားပါတယ်။ မီးလောင်ဒဏ်ရာရသူတွေနဲ့ မီးခိုးရှူမိတဲ့သူတွေကို အနားမှာရှိတဲ့ ဆေးရုံမှာ ကုသပေးနေရပါတယ်။ မီဒီယာတွေမှာတော့ ဆီတင်ကားက အရှိန်လွန်တိမ်းမှောက်သွားပြီး အနားက ကားတွေကိုပါ ဓာတ်ဆီတွေဖြန်းလိုက်သလိုဖြစ်လို့ မီးစွဲလောင်ခဲ့တာလို့ ဆိုပါတယ်။

#ဘီဘီစီမြန်မာပိုင်း #အီဂျစ် #ယာဥ်တိုက်မှု #မီးလောင်မှု