ထောင်ကျနေတဲ့ ထရမ့်ပုံလုပ်တဲ့ အီရန်သရုပ်ဆောင်
ထောင်ကျနေတဲ့ ထရမ့်ပုံလုပ်တဲ့ အီရန်သရုပ်ဆောင်
ရေးသားခဲ့သည်။
အီရန်မြို့တော် တီဟီရန်က လူစည်ကားတဲ့ တာဂျရီရင်ပြင်မှာ သရုပ်ဆောင်တစ်ယောက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သံတိုင်တွေနဲ့အကျဥ်းခန်းထဲရောက်နေတဲ့ပုံ လုပ်ပြနေတာကို လာကြည့်သူတွေနဲ့ စည်ကားနေပါတယ်။ အဲဒီ သရုပ်ဖော်ချက်နံဘေးမှာတော့ “အခုပြကွက်ကို မကြည့်ရင် ပြစ်မှုမြောက်တယ်” ဆိုတဲ့စာသားနဲ့ ဆိုင်းဘုတ်လည်း ထောင်ထားပါတယ်။ ဒီသရုပ်ဖော်ပြကွက်ကို အီရန်အစိုးရက ဦးစီးလုပ်ခဲ့တာလို့ သိရပါတယ်။ အမေရိကန်နဲ့ တင်းမာမှုတွေ ရှိနေချိန် အီရန်ဘက်ကလည်း သူတို့တောင်းဆိုချက်တွေ မရရင် ဆွေးနွေးတာတွေ မလုပ်ဘူးလို့ ပြောထားပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အီရန် #အမေရိကန် #ထရမ့်



