ယာမားကို ရေချိုးပေးနေတဲ့မက်ဆီ ဓာတ်ပုံဘယ်လိုဖြစ်လာလဲ

ဗီဒီယို ပုံစာ, ယာမားကို ရေချိုးပေးနေတဲ့မက်ဆီ ဓာတ်ပုံဘယ်လိုဖြစ်လာလဲ
ယာမားကို ရေချိုးပေးနေတဲ့မက်ဆီ ဓာတ်ပုံဘယ်လိုဖြစ်လာလဲ
ရေးသားခဲ့သည်။

၂၀၂၆ ကမ္ဘာ့ဖလားဖိုင်နယ်မှာ စပိန်နဲ့ အာဂျင်တီးနားဗိုလ်လုကြတဲ့အခါ နှစ်သင်းရဲ့ စူပါစတားနှစ်ယောက်ကို လူတွေအာရုံစိုက်ကြည့်ကြမှာပါ။ ၂၀၀၇ တုန်းက အဲဒီစူပါစတားနှစ်ယောက်တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတစ်ပုံက အွန်လိုင်းမှာ ပြန်ပျံ့လာပြီး လူပြောများနေပါတယ်။ သူတို့ကတော့ စပိန်ကို ယူရို၂၀၂၄ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့တဲ့ ၁၉ နှစ်သား တောင်ပံကစားသမားလေး လာမင်းယာမားနဲ့ အာဂျင်တီးနားရဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား လီယွန်နယ်မက်ဆီတို့ပါ။ တကယ်တော့ သူတို့ဆုံတွေ့မှုဟာ ပြီးခဲ့တဲ့ ၁၉ နှစ်ကတည်းက ရှိခဲ့ပါတယ်။ ဘာစီလိုးနားဘောလုံးသမားတွေ ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ရဲ့ ပြက္ခဒိန်အတွက် ကလေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ကြရတဲ့အချိန် လာမင်းယာမားရဲ့ မိသားစုကလည်း အဲဒီပွဲမှာပါဝင်ခွင့် မဲပေါက်ခဲ့ပါတယ်။ ငါးလသားပဲရှိသေးတဲ့ ယာမားက အဲဒီတုန်းက အသက် ၂၀ ရှိပြီဖြစ်တဲ့ မက်ဆီနဲ့တွဲရိုက်ခဲ့ရတာပါ။ အဲဒီပုံကိုရိုက်ယူခဲ့တဲ့ စပိန်ဓာတ်ပုံဆရာ ဂျုံးမွန်ဖို့က ဓာတ်ပုံရဲ့ သမိုင်းကြောင်းကို ပြန်ပြောပြထားပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #၂၀၂၆ ကမ္ဘာ့ဖလား #မက်ဆီ #ယာမား