သေမင်းတမန် ရထားလမ်းနဲ့ ဂီတကိုသာ လက်ဆင့်ကမ်းသူ
သေမင်းတမန် ရထားလမ်းနဲ့ ဂီတကိုသာ လက်ဆင့်ကမ်းသူ
ရေးသားခဲ့သည်။
ဒုတိယ ကမ္ဘာစစ်၊ ဂျပန်ခေတ်မှာ မြန်မာနဲ့ ထိုင်းကြား ရထားလမ်းဖောက်တော့ မဟာမိတ် စစ်သုံ့ပန်း ၆ သောင်းကို ဂျပန်စစ်တပ်က ခိုင်းစေပါတယ်။
ရောဂါဘယတွေကြောင့် အပါအဝင် အထွေထွေ အခြေအနေဆိုးတွေကြောင့် စစ်သုံ့ပန်း တစ်သောင်း နှစ်ထောင့် ခြောက်ရာ သေဆုံးခဲ့ရတယ်လို့ ခန့်မှန်းရပြီး ... "သေမင်းတမန် ရထားလမ်း" ရယ်လို့ မည်တွင်ခဲ့ပါတယ်။
အင်္ဂလန် အရှေ့မြောက်ပိုင်းက South Shields ဆိုတဲ့ ကမ်းရိုးတန်းမြို့လေးမှာ သေမင်းတမန် ရထားလမ်း ဖောက်ခဲ့ရတဲ့ နယ်ခံ စစ်ပြန် တော်ဝင်အမြောက်တပ်က ဒုတပ်ကြပ်လေး လဲန် ဂစ်ဘ်ဆင်ရဲ့ ရုပ်တုကို ဂျပန်အပေါ် စစ်နိုင်တဲ့နေ့ အထိမ်းအမှတ် ထားရှိပေမဲ့ စစ်သွေးစစ်မာန်နဲ့ ပုံဖော်မထားပဲ ငြိမ်းချမ်းရေးကိုသာ သင်္ကေတ ဆောင်ထားပါတယ်။
ကိုဝေဖြိုး ပြောပြထားပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ဒုတိယကမ္ဘာစစ် #သေမင်းတမန်ရထားလမ်း #ငြိမ်းချမ်းရေး #စစ်သုံ့ပန်း



