နယ်မြေဒေသကိုပဲ ဖက်ဒရယ်ပေးမယ်လို့ အသွင်ပြောင်းသမ္မတပြော

နယ်မြေဒေသကိုပဲ ဖက်ဒရယ်ပေးမယ်လို့ အသွင်ပြောင်းသမ္မတပြော
ရေးသားခဲ့သည်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မှာဖြစ်သလို ဖက်ဒရယ်လို့ဆိုရာမှာ နယ်မြေဒေသကိုပေးတဲ့ ဖက်ဒရယ်ဖြစ်ပြီး၊ လူမျိုးကိုပေးတဲ့ ဖက်ဒရယ်မဟုတ်တာကို နားလည်သိရှိဖို့လို အပ်တယ်လို့ ဦးမင်းအောင်လှိုင်က မနေ့ကလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ဘာကြောင့် အခုလိုပြောခဲ့တာပါလဲ။ လက်ရှိမှာရော နိုင်ငံရေးအင်အားစုတွေအကြား ဖက်ဒရယ်ပုံစံဘယ်နှမျိုးလောက်ကို ဆွေးနွေးနေကြရတာပါလဲ။ အပြည့်အစုံကို ကိုဟိန်းကိုစိုးက ပြောပြမှာပါ။