လက်ဘနွန်ထဲ အစ္စရေးတိုက်ခိုက်ဆဲ

လက်ဘနွန်ထဲ အစ္စရေးတိုက်ခိုက်ဆဲ
ရေးသားခဲ့သည်။

အင်္ဂါနေ့က ဟဇ်ဘိုလာနဲ့ ပတ်သက်တဲ့ နေရာပေါင်း ၁၀၀ ကျော်ကို အစ္စရေးက လေကြောင်းကနေ ဗုံးကြဲတိုက်ိခုက် ခဲ့ပါတယ်။ ဒါဟာ အပစ်ရပ်သဘောတူညီပြီး နောက်ပိုင်း အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဖြစ်ပါတယ်။ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက မာရှာဟာရာနဲ့ ဘက်ခါ တောင်ကြားဒေသအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၁ ဦး သေဆုံးခဲ့ရကြောင်း ပြောပါတယ်။ အစ္စရေးကတော့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ အကြောင်း ပြောပါတယ်။ ဘီဘီစီ သတင်းထောက် ဂျွန်ဆာ့ဒ်ဝသ် ပေးပို့ထားတဲ့ သတင်းကို ကိုမင်းထက်က ပြောပြမှာပါ။