ဟာလန်း ကမ္ဘာ့ဖလားအပြန် ဘာလက်ဆောင်ယူလာလဲ
ဟာလန်း ကမ္ဘာ့ဖလားအပြန် ဘာလက်ဆောင်ယူလာလဲ
ရေးသားခဲ့သည်။
ကွာတားဖိုင်နယ်မှာ အင်္ဂလန်ကို ရှုံးခဲ့တဲ့ နော်ဝေးအသင်း အိမ်ပြန်အလာ စူပါစတားတိုက်စစ်မှူး အာလင်းဟာလန်း ကိုင်ပြီးဆင်းလာတဲ့ ထူးထူးဆန်းဆန်း လက်ဆောင်တစ်ခုကို လူတွေသတိထားမိလိုက်ကြပါတယ်။ အဲဒါကတော့ taxidermy ပုံစံမပျက် အရွယ်မပျက် အဆာသွင်းလုပ်ထားတဲ့ ရက်ကွန်းဝက်ဝံအရုပ်အကောင်လေးပါ။ အဲဒီ အရုပ်အတွက် ဒေါ်လာ ၇၅၀ ပေးခဲ့ရတယ်လို့ တချို့သတင်းတွေက ဆိုပါတယ်။ နော်ဝေးအသင်း လေဆိပ်ပြန်ရောက်အလာကို ပရိသတ်သောင်းချီလာကြိုဆို အားပေးခဲ့ကြပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #၂၀၂၆ ကမ္ဘာ့ဖလား #နော်ဝေး #ဟာလန်း



