ဥရောပအရာရှိကြီးတွေရဲ့ရထား ဖြတ်သွားအပြီး ယူကရိန်းရထားကို ရုရှားဒရုန်းနဲ့တိုက်
ဥရောပအရာရှိကြီးတွေရဲ့ရထား ဖြတ်သွားအပြီး ယူကရိန်းရထားကို ရုရှားဒရုန်းနဲ့တိုက်
ရေးသားခဲ့သည်။
ယူကရိန်းနဲ့ပိုလန်နယ်စပ်မှာ ယူကေဝန်ကြီးချုပ်ဟောင်းဘောရစ်ဂျွန်ဆင်နဲ့ ဥရောပထိပ်တန်းလုံခြုံရေးအရာရှိတွေလိုက်လာတဲ့ ရထားဖြတ်သွားအပြီးမှာပဲ အဲဒီနေရာက နောက်ရတားတစ်စင်းကို ရုရှားက ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ယာဟိုဒင်နယ်စပ်မြို့မှာ ဖြစ်သွားတဲ့ တိုက်ခိုက်မှုမှာ ရထားရဲ့ အင်ဂျင်ကို ဒရုန်းထိမှန်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ ခရီးသည်တွေအားလုံးကိုလည်း ရထားပေါ်က ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဘောရစ်ဂျွန်ဆင်နဲ့ တခြားနိုင်ငံတွေက အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တွေဟာ ကိယက်ဗ်မှာလုပ်တဲ့ ညီလာခံတစ်ခုကနေ ပြန်လာကြတာပါ။ •
#ဘီဘီစီမြန်မာပိုင်း #ယူကရိန်း #ရုရှား #ကိယက်ဗ် #ဘောရစ်ဂျွန်ဆင်



