ရေတွေမဖုံးခင်လေးမှာ ကျောင်းသား ၉၀၀ ကို ကယ်ခဲ့တဲ့ ဆရာ

ဗီဒီယို ပုံစာ, ရေတွေမဖုံးခင်လေးမှာ ကျောင်းသား ၉၀၀ ကို ကယ်ခဲ့တဲ့ ဆရာ
ရေတွေမဖုံးခင်လေးမှာ ကျောင်းသား ၉၀၀ ကို ကယ်ခဲ့တဲ့ ဆရာ
ရေးသားခဲ့သည်။

နီပေါနိုင်ငံ တိဗက်နဲ့နယ်စပ်မှာ မြေပြိုပြီး ရေလှိုင်းကြီးတွေဝင်မလာခင်လေးမှာပဲ နူဝါကော့ရွာမှာရှိတဲ့ အလယ်တန်းကျောင်းက ကျောင်းအုပ် ရာဂျင်ဒရာ ဒီဝါဒီဟာ သူ့ကျောင်းသားတွေကို ချက်ချင်း ကျောင်းဝင်းထဲကထွက်ပြီး ကုန်းမြင့်ဘက်ကို သွားခိုင်းခဲ့ပါတယ်။ ကျောင်းကားတွေကိုလည်း ပြန်လှည့်ပြီး အဲဒီနေရာက ထွက်သွားဖို့ညွှန်ကြားခဲ့ပါတယ်။ ဆရာ ရာဂျင်ဒရာက သူ့ဆီ သတိပေးတဲ့ဖုန်းဝင်လာပြီးတဲ့အချိန် အခုလို အမြန်ဆုံးဖြတ်ပြီး လုပ်လိုက်တာလို့ ပြောပါတယ်။ ဆရာရဲ့ ဆုံးဖြတ်ချက်မြန်ဆန်လို့ ကျောင်းသား ၉၀၀ ကျော် အသက်ရှင်နိုင်ခဲ့တာပါ။ သူတို့ကျောင်းဝင်းထဲက ထွက်ပြီး ၁၀ မိနစ်အကြာမှာ ကျောင်းကို ရေလှိုင်းကြီးတွေ ဝင်တိုက်ခဲ့ပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #နီပေါ #သဘာဝဘေး #ရေကြီးမြေပြိုမှု #ရာသီဥတု