ကြောင်လိမ်သံလှေကားတစ်ခု ဆောက်ပြီး ထန်းပင်တက်သူ
ကြောင်လိမ်သံလှေကားတစ်ခု ဆောက်ပြီး ထန်းပင်တက်သူ
ရေးသားခဲ့သည်။
အိန္ဒိယ တမီလ်နာဒူးပြည်နယ်က ဆာလိုင်ပူဒူးရွာမှာ ထန်းတက်သမား ဒီနာကာရာ့ချ်ဆိုသူ ရှိပါတယ်။ သူက မျိုးရိုးလိုက် ထန်းတက်လာတဲ့ တတိယမျိုးဆက်ပါ။ သူက ကြောင်လိမ်သံလှေကားတစ်ခု ဆောက်ထားပြီး ထန်းပင်တက် ထန်းရည်ခံပါတယ်။ သူ့ရွာမှာ ထန်းတက်သမားရှားလာလို့ ကိုယ်တိုင်ပဲတက်နေရတာပါ။ လှေကားကို တစ်ပင်ကနေ နောက်တစ်ပင်ရွှေ့ယူသွားပြီး တက်လို့ရပါတယ်။ သူလှေကားဆောက်တာ ရူပီးခြောက်သောင်း (ဒေါ်လာ ၆၃၀) လောက်ကုန်ကျပြီး တစ်ရာသီမှာ ထန်းတစ်ပင်ကနေ ရူပီး တစ်သိန်း (ဒေါ်လာ ၁,၀၄၈) လောက် ပြန်ဝင်တယ်လို့ဆိုပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #ထန်းတက်သမား #တီထွင်ဆန်းသစ်မှု



