တိုက်ရိုက်ထုတ်လွှင့်မှု, အင်းစိန်မှာ ကလေးတွေကို ဆေးတိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးရောင်းတဲ့သူ ထောင်နှစ် ၄၀ ကျ

အင်းစိန်မှာ ကလေးတွေကို ဆေးတိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးရောင်းတဲ့သူ ထောင်နှစ် ၄၀ ကျတဲ့သတင်းအပါအဝင် ဇူလိုင် ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

ကလေးငယ်တွေကို စိတ်ငြိမ်ဆေးနဲ့အရက်တိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးပြီး တယ်လီဂရန်မှာ ရောင်းချ ငွေကြေးအမြတ်ထုတ်ခဲ့သူကို ထောင်နှစ်ရှည်ချ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အင်းစိန်မှာ ကလေးတွေကို ဆေးတိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးရောင်းတဲ့သူ ထောင်နှစ် ၄၀ ကျ

    အနောက်ပိုင်းခရိုင် တရားရုံးထဲကနေ ထွက်လာတဲ့ ရဲတပ်ဖွဲ့ အချုပ်ကားတစ်စီး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်က အမျိုးသားတစ်ဦးဟာ ကလေးငယ်တွေကို အသိစိတ်မဲ့‌အောင် ဆေးနဲ့ ဆန်အရက် ရောတိုက်ပြီး လိင်တူဆက်ဆံခိုင်းစေပြီးနောက် ဗီဒီယိုရိုက်ကူး ရောင်းချခဲ့တဲ့အတွက် လူကုန်ကူးအမြတ်ထုတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံလိုက်ရတယ်လို့ နေပြည်တော်က နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ပါတယ်။

    ထောင်ဒဏ်ချမှတ်ခံရသူဟာ ကိုမျိုးမင်းထွန်းဆိုသူဖြစ်ပြီး သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက် တာလို့လည်း ဆိုပါတယ်။

    နေပြည်တော် ထုတ်ပြန်ချက်အရ အဲဒီအမျိုးသားဟာ ကလေးငယ်တွေကို အသိစိတ်မဲ့အောင်လုပ်ပြီး လိင်တူဆက်ဆံခိုင်းခဲ့ပြီး ဗီဒီယိုတွေကို တယ်လီဂရန်မှာ‌ ငွေကြေးနဲ့ရောင်းချခဲ့တာ ပြစ်မှုထင်ရှားတာကြောင့်လို့ ဆိုပါတယ်။

    ဒါကြောင့် ကိုမျိုးမင်းထွန်းကို အင်းစိန်မြို့မရဲစခန်းမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ် ၃၅ အောက်က ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး အမှုတစ်ခုချင်းစီအတွက် အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ စုစုပေါင်းနှစ် ၄၀ ချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ထုတ်ပြန်ချက်မှာတော့ စုံစမ်းချက်အရ တရားခံအမျိုးသားက သူနဲ့ နီးစပ်တဲ့ အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်တွေကို စိတ်ငြိမ်ဆေး ၁၀ လုံး ဆန်အရက်တို့ကို အားဆေးနဲ့ အချိုရည်လို့လိမ်ညာပြီး တိုက်ခဲ့တယ်လို့ဆိုပါတယ်။

    နောက် ကလေးငယ်တစ်ဦးကို တရားခံ ကိုမျိုးမင်းထွန်းက လိင်တူဆက်ဆံခဲ့ပြီး နောက် ကလေးငယ် ၂ ဦးကိုလည်း အချင်းချင်း လိင်တူဆက်ဆံခိုင်းခဲ့သလို အဲဒီအခြေအနေတွေကိုလည်း ဗီဒီယိုရိုက်ကူးထားခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီနောက် မဖွယ်မရာမြင်ကွင်းတွေပါတဲ့ဗီဒီယိုတွေကို တယ်လီဂရန်ချန်နယ်တည်ဆောက်ပြီး အဖွဲ့ဝင်တွေဆီက အဖွဲ့ဝင်ကြေးကောက်ခံပြီးတဲ့နောက် ဗီဒီယိုတွေကို ရောင်းချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ကျူးလွန်ခံရတဲ့ ကလေးငယ်တွေဟာ ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့အမျိုးသားနဲ့ သိကျွမ်းကြသူတွေဖြစ်ပြီး အဲဒီအမျိုးသားအိမ်ကို ကျောင်းပိတ်ရက်တွေမှာ သွားရောက်လည်ပတ်ဖူးကြသူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

  2. မင်္ဂလာပါ။ ဇူလိုင် ၃၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။