ဗြိတိန်လေတပ်ကို တိုက်ခိုက်မယ်လို့ အီရန်ခြိမ်းခြောက်
အမေရိကန်ရဲ့ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ ကြုံရပြီးနောက် ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဂျော်ဒန်နဲ့ ဘာရိန်းက အမေရိကန်စစ်စခန်းတွေနဲ့ အဆောက်အအုံတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အီရန်က ပြောပါတယ်။ ပင်လယ်နီထဲက ဆော်ဒီရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက် သမ္မတထရမ့်က အီရန်နဲ့ ယီမင်က အီရန်မဟာမိတ် ဟူသီသူပုန်တွေကို လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ပဋိပက္ခ ပိုပြင်းထန်လာမှာကို စိုးရိမ်မှုတွေနဲ့အတူ ရေနံစိမ်း ဈေးနှုန်း မြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် အီရန်နဲ့ အမေရိကန်ကြား တိုက်ခိုက်မှုတွေ ပြန်လည်စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ ဗြိတိန်က ပျံသန်းလာတဲ့ အမေရိကန် ဗုံးကြဲလေယာဉ်တစ်စင်း အီရန်ကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုပြီးနောက် ဗြိတိန်လေတပ်စခန်းတစ်ခုကို တိုက်ခိုက်မယ်လို့ အီရန်ကခြိမ်းခြောက်ခဲ့ပါတယ်။ ဗြိတိန်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ အသင့်ရှိတယ်လို့ ဗြိတိသျှ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်းထောက် ဂျရမီဘိုဝင်ရဲ့ သတင်းပေးပို့ချက်ကို ကိုမိုးမြင့် က ပြောပြပေးမှာပါ။



