ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
MNDAA နယ်မြေမှာ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေ မြေဝယ်ယူနေ
MNDAA နယ်မြေမှာ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေ မြေဝယ်ယူနေ
ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ထိန်းချုပ် နယ်မြေတွေမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ ရောက်လာပြီးနောက် မြေတွေဝယ်တာတွေ အရင်ထက်ပိုများလာတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ အထူးသဖြင့် သိန္နီမြို့ ဝန်းကျင်မှာ စီးပွားရေးလုပ်ဖို့ဆိုပြီး MNDAA အရာရှိတွေနဲ့ ပေါင်းကာ မြေကွက်တွေ ဖိအားပေးဝယ်ယူနေကြတာလို့ ဆိုပါတယ်။ ဒါ့အပြင် MNDAA ဟာ ကွတ်ခိုင်အပါအဝင် ထိန်းချုပ်နယ်မြေအားလုံးမှာ မြို့ဆိုင်းဘုတ်တွေကို တရုတ်စာတွေနဲ့ ပြင်ဆင်ရေးသားနေတာ တွေ့ရတယ်လို့ ပြောကြပါတယ်။ မသူဇာလင်းက ပြောပြမှာပါ။