ထိုင်း နယ်စပ် မြန်မာဒုက္ခသည် စခန်းတွေကို ပိတ်သိမ်းဖို့ အာဏာပိုင်တွေ စီစဉ်
ထိုင်း နယ်စပ် မြန်မာဒုက္ခသည် စခန်းတွေကို ပိတ်သိမ်းဖို့ အာဏာပိုင်တွေ စီစဉ်
ရေးသားခဲ့သည်။
ထိုင်းနိုင်ငံ တာ့ခ် ခရိုင်ထဲက မြန်မာ ရွှေ့ပြောင်း ဒုက္ခသည်တွေ နေထိုင်တဲ့ နို့ဖိုး ဒုက္ခသည် စခန်းကို ပိတ်သိမ်းဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေပြီး၊ အဲဒီမှာ နေထိုင်တဲ့ ဒုက္ခသည်တွေကို တခြား ဒုက္ခသည် စခန်းတွေမှာ ပေါင်းစည်း နေထိုင်ဖို့ စီစဉ်နေတယ်လို့ စခန်း တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။ ထိုင်း နိုင်ငံထဲက ဒုက္ခသည် စခန်းတွေကို ၅ နှစ် စီမံကိန်းနဲ့ တဖြည်းဖြည်း ပိတ်သိမ်းဖို့ စီစဉ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အရင်ဆုံး အနေနဲ့ နို့ဖိုးကို စတင် ပိတ်သိမ်းဖို့ ထိုင်း အာဏာပိုင်တွေဘက်က စတင် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ ဒီအကြောင်း မတာရာက ပြောပြပေးထားပါတယ်။



