ဧဝရက်တောင်တက်လမ်းက ဖိနပ်စိမ်း

ဗီဒီယို ပုံစာ, ဧဝရက်တောင်တက်လမ်းက ဖိနပ်စိမ်း
ဧဝရက်တောင်တက်လမ်းက ဖိနပ်စိမ်း
ရေးသားခဲ့သည်။

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို မြောက်ဘက်က တက်တဲ့လမ်းမှာ ဖိနပ်စိမ်းလို့ ခေါ်ကြတဲ့ အလောင်းဟာ ဘယ်သူလဲ ဆိုတာဟာ တောင်တက်လောကရဲ့ ကာလရှည် ပုစ္ဆာတခုပါ။ တချို့က အိန္ဒိယတောင်တက်သမား ဆယ်ဝမ် ပါလ်ဂျာလို့ ယူဆကြခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးခင်က တွေ့ရှိချက် အသစ်တွေကတော့ ဒေါ်ဂျီ မောရုဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုတော့ အဲဒီတောင်ပေါ်မှာ နှစ်ပေါင်း ၃၀ လောက် ရှိနေခဲ့တဲ့ အလောင်းကို သယ်ယူဖို့ တာဝန်ရှိသူတွေက စီစဉ်နေကြပြီ ဖြစ်ပါတယ်။ ဘီဘီစီကအဲဒီ မောရုရဲ့ မိသားစုနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အခုသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပါနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ မသီရိဇော်ကပြောပြမှာပါ။