တယ်လီနောကို နော်ဝေအစိုးရ စတင်စစ်ဆေး
တယ်လီနောကို နော်ဝေအစိုးရ စတင်စစ်ဆေး
ရေးသားခဲ့သည်။
မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ခဲ့တဲ့ နော်ဝေက တယ်လီနောကုမ္ပဏီကို ပိတ်ဆို့မှုဥပဒေ ချိုးဖောက်မှု၊ သုံးစွဲသူတွေရဲ့အရေးကြီးအချက်အလက်တွေကို စစ်အာဏာပိုင်တွေထံ ပေးအပ်မှုကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထဲ ကြံရာပါဖြစ်တယ်ဆိုတဲ့ သံသယနဲ့ နော်ဝေအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။ ဒါဟာ ချိုးဖောက်မှုတွေအတွက် တယ်လီနောကုမ္ပဏီ တာဝန်ခံမှုရှိလာစေဖို့ တိုးတက်မှုခြေလှမ်းအဖြစ် မူလတိုင်တန်းထားသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုနေကြပါတယ်။ ဒီအကြောင်း ကိုမိုးမြင့် ပြောပြမှာပါ။



