လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေး ထိုးစစ်ဆင်

ဗီဒီယို ပုံစာ, လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေး ထိုးစစ်ဆင်
လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေး ထိုးစစ်ဆင်
ရေးသားခဲ့သည်။

အစ္စရေး တပ်ဖွဲ့တွေက လက်ဘနွန်တောင်ပိုင်းမှာ ရှိတဲ့ အလယ်ခေတ်က ခံတပ်စခန်းတခုကို သိမ်းပိုက်ခဲ့ကြပါတယ်။ ဒါဟာ ၂၅ နှစ် အတွင်း အနက်ရှိုင်းဆုံး ထိုးဖောက် ဝင်ရောက်နိုင်တာလည်း ဖြစ်ပါတယ်။ အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက လစ်တာနီ မြစ်ဘေးက ဘူးဖို့ ခံတပ်စခန်းကို သိမ်းပိုက်နိုင်ခြင်းဟာ ဟဇ်ဘိုလာ နဲ့ ဖြစ်နေတဲ့ စစ်အတွင်း ကြီးမားတဲ့ အလှည့်အပြောင်း တခု ဖြစ်တယ်လို့ ပြောပါတယ်။ ဘီဘီစီ သတင်းထောက် ဂျွန်ဆတ်ဒ်ဝသ် ဘေရွတ်မြို့ ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။