ကောင်းတပ်ရွာပေါက်ကွဲမှု သေဆုံးသူ ၅၀ ကျော်လာ
ကောင်းတပ်ရွာပေါက်ကွဲမှု သေဆုံးသူ ၅၀ ကျော်လာ
ရေးသားခဲ့သည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်ထဲက ကောင်းတပ်ရွာမှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၀ ကျော်သွားပြီလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ TNLA ကတော့ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းမှာသုံးတဲ့ ယမ်းပျော့တွေ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ လူနေထိုင်ရာ အနီးတဝိုက်မှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ ဘာကြောင့်ရှိနေတာပါလဲ။ ဒါနဲ့ ပတ်သက်ပြီး ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။ ကိုမောင်က ပြောပြမှာပါ။



