ရခိုင် ကမ်းရိုးတန်းမြို့တွေကို စစ်သင်္ဘောတွေနဲ့ ပစ်ခတ်

ဗီဒီယို ပုံစာ, ရခိုင် ကမ်းရိုးတန်းမြို့တွေကို စစ်သင်္ဘောတွေနဲ့ ပစ်ခတ်နေ
ရခိုင် ကမ်းရိုးတန်းမြို့တွေကို စစ်သင်္ဘောတွေနဲ့ ပစ်ခတ်
ရေးသားခဲ့သည်။

နှစ်နှစ်နီးပါးအကြာ လက်လွှတ်ပေးထားတဲ့ရတဲ့ ရခိုင်ပြည်နယ်ကို စစ်တပ်က ပြန်ရဖို့နည်းမျိုးစုံနဲ့ကြိုးစားမှုတွေရှိနေပြီး အခုလပိုင်းတွေအတွင်း ရခိုင်ဝင်‌ပေါက်နေရာစုံကနေ မြေပြင်စစ်ကြောင်းတွေ အလုံးအရင်းနဲ့ဝင်ရောက်နိုင်ရေး ပိုမိုလုပ်ဆောင်လာနေတာတွေ့လာရပါတယ်။ တစ်ဖက်မှာလည်း အေအေဘက်က လက်လှမ်းမမီနိုင်တဲ့ ပင်လယ်ပြင်အတွင်းကနေ စစ်သင်္ဘောတွေဟာ ရခိုင်ကမ်းရိုးတန်းမြို့တွေကို ပစ်ခတ်တိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်လာနေတာကြောင့် ကမ်းခြေနဲ့အနီးဝန်းကျင်ဒေသတွေက ပြည်သူတွေ ဘေးလွတ်ရာနေရာတွေဆီ ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။ ဒီအကြောင်း မစန္ဒာဝင်းက ပြောပြပေးပါမယ်။