နီပေါ ထရီရှူလီ မြစ်ကြောင်း ရေကြီးမှု အခြေအနေ

ဗီဒီယို ပုံစာ, နီပေါ ထရီရှူလီ မြစ်ကြောင်း ရေကြီးမှု အခြေအနေ
နီပေါ ထရီရှူလီ မြစ်ကြောင်း ရေကြီးမှု အခြေအနေ
ရေးသားခဲ့သည်။

ဗုဒ္ဓဟူးနေ့က နီပေါ နဲ့ တိဘက် နယ်စပ်မှာ ရုတ်တရက် ရေကြီးမှု ဖြစ်ပွားပြီးနောက်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြန်လည် စတင်နေပြီလို့ တရုတ် နိုင်ငံပိုင် သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီမှာ နာရီပေါင်းများစွာ ကြာအောင် မိုးသည်းထန်စွာ ရွာသွန်းမှု ရှိခဲ့ပြီး နောက်ထပ် ရေကြီးမှုတွေ ထပ်မံ ဖြစ်ပွားမှာကို စိုးရိမ်ခဲ့ရတာကြေင့် တိဘက် အခြမ်းက ကယ်ဆယ်ရေး လုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်း ထားခဲ့ရတာလည်း ဖြစ်ပါတယ်။ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ မြစ်ကြောင်း တစ်နေရာမှာလည်း တောင်ကမ်းပါး ပြိုကျမှုတွေက ရေကန်တစ်ခုလို ရေတွေ စုဆောင်းမိစေပြီး နောက်ထပ် ရေကြီးရေလျှံမှု ဖြစ်ပေါ် စေနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့လည်း တရုတ် နိုင်ငံက သတိပေးထားပါတယ်။

ရုတ်တရက် ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့ နီပေါ ရဲ့ ထရီရှူလီ မြစ်ကြောင်း တစ်လျှောက်က အခြေအနေတွေကို ဘီဘီစီ သတင်းထောက် အဇက်ဒါ မိုရှီရီ က သတင်းပို့ထားတာကို မသီဒါနွယ်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါဝင်နိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။