ဘန်ကောက်မြို့က ဘားမီးလောင်မှု သေဆုံးသူ ၂၇ ဦးရှိ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇူလိုင် ၁၂ ရက်ညပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ ဘားတစ်ခု မီးလောင်မှုမှာ သေဆုံးသူ ၂၇ ဦးအထိရှိပြီး ဒဏ်ရာရသူ အယောက် ၆၀ ကျော်အထိ ရှိနေပါတယ်။

မီးကို မီးသတ်သမားတွေက မြန်မြန်ငြှိမ်းသတ်ခဲ့ပေမဲ့ မီးလောင်ချိန်မှာ မီးတန်းကြီးက ဘားအပြင်ဘက်ကို ထိုးထွက်နေတာကိုလည်း လူမှုကွန်ရက်ပေါ်က ရုပ်သံတွေမှာ မြင်တွေ့ရပါတယ် အခုတော့ ထိုင်းအာဏာပိုင်တွေက မီးလောင်မှုဖြစ်ရပ်အသေးစိတ်ကို စုံစမ်းနေပြီဖြစ်ပါတယ်။