BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တပ်ချုပ်သစ်လက်ထက် ရခိုင်ကို အကြီးဆုံးထိုးစစ်ဆင်
စစ်တပ်က စက်တင်ဘာ ၄ ရက်ကစလို့ အာရက္ခတပ်တော်-အေအေရဲ့ ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်ခဲ့ပြီး ဒါက ဗိုလ်ချုပ်ကြီးရဲဝင်းဦးတာဝန်ယူတဲ့ သက်တမ်း ၅ လကျော်အတွင်း အကြီးဆုံးထိုးစစ်လို့ နေပြည်တော်က သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
တချိန်က ‘ဥက္ကဋ္ဌကြီးမော်’ နှစ် ၅၀ အကြာမှာ ‘ဆရာကြီး’အဖြစ် GenZ တွေကြားပြန်ရှင်သန်
ကွယ်လွန်သွားပြီဖြစ်တဲ့ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းရဲ့ ဗီဒီယိုတွေဟာ အွန်လိုင်းမှာ ကြည့်ရှုမှု သန်းနဲ့ချီ ရရှိနေပြီး လူငယ်တချို့ကြားမှာ သူ့ရဲ့လူကြိုက်များမှု ပြန်လည်မြင့်တက်လာပုံ ရှိပါတယ်။
ပဋိပက္ခကြားမှာ စာသင်ခန်းတွေ မပျောက်သွားအောင် ရုန်းကန်နေရတဲ့ဆရာတွေ
လေယာဉ်သံကြားက စာသင်ခန်းတွေ၊ သစ်ပင်ရိပ်အောက်က ယာယီကျောင်းတွေထဲမှာ မြန်မာနိုင်ငံက ကြားကာလဆရာ၊ ဆရာမတွေဟာ ပညာရေးကို အသက်ဆက်ပေးနေကြပါတယ်။ စစ်ပွဲ၊ ဆင်းရဲမှုနဲ့ မရေရာတဲ့ အနာဂတ်တွေကြားမှာပဲ နောက်မျိုးဆက်ရဲ့ ပညာရေး မပြတ်တောက်စေဖို့ ရုန်းကန်နေကြတဲ့ သူတို့ရဲ့ ဘဝနဲ့ ခံယူချက်တွေကို ဒီဆောင်းပါးက တင်ပြထားပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်က KIA ကို စာပို့
ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်က KIA ကို စာပို့လိုက်တယ်လို့သိရတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
မုန်တိုင်းထူ ပိုပူမယ့်ကောင်းကင်ကြောင့် ခရီးထန်ဦးမယ့်လေယာဉ်စီးသူတွေ
လေယာဉ်စီး ခရီးနှင်သူတွေဟာ ရာသီဥတုပြောင်းလဲမှုနောက်ဆက်တွဲသက်ရောက်တာတွေကြောင့် လေယာဉ်ချိန်နောက်ကျတာနဲ့ လေယာဉ်တွေ လမ်းကြောင်းပြောင်း ပျံသန်းရတာတွေအတွက် အသားကျ လက်ခံရဖို့ဖြစ်လာပြီလား။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
"ပိုက်ဆံပေးမှ ထွက်နိုင်တယ်" - ရန်ကုန်လေဆိပ်က ခရီးသည်တွေရဲ့အတွေ့အကြုံ
ပြည်တွင်းမှာ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေကို ပြည်ပထွက်ခွာခွင့်တင်းကျပ်နေချိန်မှာ ပြည်ပထွက်မယ့်လူငယ်တွေဟာ ရန်ကုန်လေဆိပ်မှာ အဟန့်အတားကင်းကင်းနဲ့ထွက်ခွာနိုင်ဖို့ ''လမ်းကြောင်းရှင်းခ''အဖြစ် ကျပ်ငွေသိန်းဆယ်ချီကို ပေးခဲ့ရတယ်လို့ မြန်မာလူငယ် ၅ ဦးထက်မနည်းက ပြောပါတယ်။
ရုရှား-မြန်မာ-ဘယ်လာရုစ် လက်နက်ဆက်ဆံရေးကို ကျော်လွန်လာပြီလား
ဦးမင်းအောင်လှိုင်ရဲ့ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဥ်ကို လေ့လာကြည့်ရင် သူ့ဘက်ကိုယ့်ဘက် အပြိုင်အဆိုင် ရောင်းချနေကြတာကို တွေ့ရပါတယ်။ လက်နက်၊ နျူကလီးယားစွမ်းအင်ကစလို့ သဘာဝဓာတ်ငွေ့အလယ် သနပ်ခါးနဲ့ တီးမစ်အဆုံး ရောင်းကုန်စာရင်းထဲပါပါတယ်။
ဦးသော်ကောင်း - ၃၂ နှစ်နဲ့ ဗဟိုစာကြည့်တိုက်မှူးဖြစ်ခဲ့သူ ဖူကူအိုကာဆုရှင်
"သူ့လို မြန်မာမှုပညာရပ်များ၊ မြန်မာပြည်အကြောင်းရပ်များကို ပြည့်စုံစွာ ဖတ်ရှုတတ်ကျွမ်း သိနားလည်ပြီး အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် လူရိုသေ၊ ရှင်ရိုသေရေးနိုင်သူ မြန်မာပြည်တွင် သိပ်မရှိတော့ပါ" ဆိုပြီး မှတ်တမ်းတင် ဂုဏ်ပြုခံရသူ
ဦးအေး မဖြစ်ခဲ့တဲ့ ဦးစိုးဝင်း
လွန်ခဲ့တဲ့ ၃ လကျော် အတွင်း အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ဦးစိုးဝင်းရဲ့ ဓာတ်ပုံ နှစ်ကြိမ်သာ ထွက်လာခဲ့ဖူးပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြမခံခဲ့ရပါဘူး။
ဘုရင့်နောင် - အကျယ်ဆုံး မြန်မာ လက်နက်နိုင်ငံရှင်၊ ကမ္ဘာ့အမွေအနှစ် ခေါင်းလောင်းစာ ရေးထိုးခဲ့သူ
တပင်ရွှေထီးနဲ့ ဘုရင့်နောင်ခေတ်မှာ မွန်၊ မြန်မာ၊ ရှမ်းနဲ့ ထိုင်းယွန်း စတဲ့ လူမျိုးစုံကို စုစည်းပြီး လက်နက်နိုင်ငံကြီး ထူထောင်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း လူမျိုးစုချင်း သဟဇာတပေါင်းစည်းမှုထက် ပဒေသရာဇ် သစ္စာခံမှုအပေါ်ကို အားပြုတည်ဆောက်တဲ့ နိုင်ငံဖြစ်တာနဲ့ စစ်ဒဏ်ပိပြီး စိုက်ပျိုးကုန်သွယ်ရေးတွေမှာ အားမကောင်းတာတွေကြောင့် အင်္ဂလန်၊ ပြင်သစ် စတဲ့ ခေတ်ပြိုင် ဥရောပနိုင်ငံကြီးတွေလို အမျိုးသားနိုင်ငံအဆင့်ကို မြန်မာနဲ့ ပေါင်းသဟာယ ပြည်ထောင်များအဖြစ် မတက်လှမ်းနိုင်ဖြစ်ခဲ့ပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်





























































